မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး စက်တင်ဘာ ၁၅

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး(ကုတင်-၅၀၀ဆံ့)တွင် ယမန်နေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ် ဦးဆောင်ကာ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စုစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ် ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၀ဝ)ဦး၊ မိသားစု(၅၀)ဦး၊ စုစုပေါင်း(၁၅၀)တို့က မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်၍ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှာလည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူးလိုအပ်သလို အဆောက် အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားကာ၊ စုပါင်းသန့်ရှင်းရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးကြောင်း သိရသည်။

မောင်ညီညာ