တောင်ငူမြို့နယ် ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များဖြင့် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်ဦးဆောင်၍ အထူးကုဆရာဝန်များဖြင့် အ.ထ.က() ရေဘေးရှောင်စခန်းနှင့် တောင်ငူတက္ကသိုလ် ရေဘေးရှောင်စခန်းရှိ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးသည်။

 တောင်ငူခရိုင်အတွင်းရှိ  မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိသောကြောင့်  တောင်ငူမြို့နယ်တွင် ရေဘေးရှောင်စခန်း (၅၁)ခု၊ အိမ်ထောင်စု (၈၉၃၁)စု၊ လူဦးရေ (၃၆၈၄၁)ဦးရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်စခန်း(၁၈)ခု၊ အိမ်ထောင်စု (၄၂၉၆)စု၊ လူဦးရေ (၁၆၈၁၂)ဦး၊ ထန်းတပင်မြို့နယ်တွင် ရေဘေးရှောင်စခန်း(၈)ခု၊ အိမ်ထောင်စု (၉၆၂)စု၊ လူဦးရေ (၃၃၅၅)ဦး၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၀)ခု၊ အိမ်ထောင်စု (၅၁၁၃)စု၊ လူဦးရေ (၂၀၇၆၄)ဦး၊ စုစုပေါင်း တောင်ငူခရိုင်အတွင်း စာရင်းချုပ် ရေဘေးရှောင်စခန်း (၈၇)ခုရှိပြီး၊ အိမ်ထောင်စု(၁၉၃၀၂)တို့မှ ရေဘေးရှောင် ပြည်သူလူဦးရေ(၇၇၇၇၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားလျက်ရှိသည်။

အဆိုပါရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပြီး တောင်ငူခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း‌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကာ

ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလိုပါက ဖုန်းနံပတ် ၀၉-၅၀၃၂၆၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့်တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကွပ်ကဲမှုရုံး၌ လာရောက်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

ဇော်ကိုကို (တောင်ငူ)