ကျုံပျော် စက်တင်ဘာ ၁၅
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်အဆင့် နည်းပြသင်တန်း ခန့်အပ်လွှာများအား သင်တန်းသားများထံ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်းကောက် အထောက်အကူပြု ဆက်စပ်ပစ္စည်းများအား လိုက်လံကြည့်ရှုရာ သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒေါ်ခင်သီတာဝင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသ၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းသို့ ကျုံပျော်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ ၃၆ ဦး တက်ရောက်ကြပြီး စက်တင်ဘာလ ၃ ရက်မှ ၁၄ ရက်နေ့အထိ ၁၂ ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)