ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) ရှိ ရေဘေးသင့်ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

တောင်ငူ စက်တင်ဘာ ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး ခေါင်းဆောင်သည့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်း‌ကျောင်း (တောင်ငူ) ရှိ  ရေဘေးသင့်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

တောင်ငူမြို့နယ်အနေဖြင့် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များအတွင်းသို့ မြစ်‌ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိလျက်ရှိကြောင်းနှင့် အဆိုပါကွန်ပျူတာတက္ကသိုလ်မှ ရေဘေးသင့်ကျောင်းသားကျောင်းသူ (၂၂၀) ဦးအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ယနေ့မွန်းလွဲပိုင်းက စက်လှေများဖြင့် အကြိမ်ကြိမ်ကယ်ထုတ်ခဲ့ပြီး‌ တောင်ငူတက္ကသိုလ်သို့ ပို့‌ဆောင်နိုင်ခဲ့ပြီဖြစ်‌ကြောင်း းသိရသည်။

ခရိုင်(ပြန်/ဆက်)