မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာ ဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မင်းလှအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးတို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းရည် ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက Moderator အဖြစ်ဆောင်ရွက်ပြီး Grade-11 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူ(၅)ဦးက ဆွေးနွေးခဲ့ကြရာ၊ Grade-11 ကျောင်းသား မောင်ဟိန်းဆက်နိုင်ကလူငယ်နှင့် ကျန်းမာရေး၊ Grade-11 ကျောင်းသူမခိုင်ဇင်ကိုက လူငယ်နှင်အချိန်၏တန်ဖိုး၊ Grade-10 ကျောင်းသား မောင်မင်းခန့်ကျော်ကလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ Grade-10 ကျောင်းသူ မကေခိုင်မျိုးဆုက လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ Grade-10 ကျောင်းသူမမေဇင်ခိုင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာသည်။ ထို့နောက်တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအား မေးမြန်းဆွေးခဲ့ရာ  မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)