ကြို့ပင်ကောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျချောင်းများမှ ရေလျှံတက်မှုတို့ကြောင့် အခြေခံပညာကျောင်း(၆)ကျောင်း ယာယီပိတ်ထားရ

ကြို့ပင်ကောက် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျချောင်းများမှ ရေလျှံတက်မှုတို့ကြောင့် အခြေခံပညာကျောင်း(၆)ကျောင်းအား စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အ.မ.က-တောင်ဘန်းဘွေးကုန်း၊ အ.မ.က-တူးကံ၊ အ.မ.က-အောင်ချမ်းသာ(၁)၊ အမက-ဘုဒလက်ကုန်း၊ မူလတန်းလွန်-ဒန့်သလွန်ကွင်းကျောင်းတို့အား ယာယီပိတ်ထားရကြောင်း အဆိုပါကျောင်း (၆)ကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၆၈)ဦးအား ဆရာဆရာမ(၃၉)ဖြင့် ပညာသင်ကြားပေးလျက်ရှိရာ ရေပြန်လည်ကျဆင်းသွားပါက ကျောင်းပိတ်ရက် တနင်္ဂနွေနေ့တိုင်း အစားပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)