ကျောက်ကြီး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ခန်းမတွင် အဝေးရောက် ကျောက်ကြီးမြို့သူ/မြို့သားများဖြစ်သည့် KOTA HALUS SHIP CAPT-LI TIANHU နှင့် ဦးသက်လွင် + ဒေါ်ဆွေဇင်ထိုက် (သမီး) မမိုးမြင့်မြင့်လွင် မိသားစုမှ ပေးပို့ကူညီသည့် အလှူငွေများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သိန်တန်းရပ်ကွက် ရွှေမင်းဝန်ကုန်းမြေကသစ်ဝိုင်ဓမ္မရိပ်သာတွင် ယာယီနေရပ်စွန့်ခွာသည့် ကျေးရွာများမှ အိမ်ထောင်စု(၂၅)စုအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့မှုအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် မြို့နယ်တပ်ဖွဲ့မှူးတို့ ဦးဆောင်မှုဖြင့် တစ်အိမ်ထောင်လျှင် ကာလတန်ဖိုး (၂၀၀၀၀) ကျပ် တန်ဖိုးရှိ ဆန်နှင့် ဆီများအား လူသားချင်းစာနာထောက်ထားမှုအရ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)