နတ်မောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က အခြေခံပညာထက်တန်းကျောင်း (အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်သက်ဆုနှင်းက နိုင်ငံတော်အကြီးအကဲက KG+12 တတ်ရောက်နေသည့် ကျောင်းသား/သူများသည် အသက် ၁၇နှစ်၊ ၁၈နှစ် အရွယ်ဖြစ်ပြီး KG+12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန်အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများနှင့် ကျောင်းသား/သူများသည် နောင်လာမည့် ရွေးကောက်ပွဲတွင် ပထမအကြိမ် ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင်အုပ်စုတွင် အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပြဠာန်းချက်များတွင် ပါဝင်သောရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဗဟုသုတများရရှိစေရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း