ကံမမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေး နှိုးဆော်

ကံမ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ()နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို  မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြစ်ရေ၊ ချောင်းရေ ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများနှင့် မြစ်ချောင်းများအနီးတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်၊ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)