ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ​ လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုမှုများကို သိရှိစေရန် အသိပညာပေးချက်များအား လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)