ကရသူရိ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဝါတွင်းကာလ သီတင်းသီလ ဆောက်တည်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော်ကြီးနှင့်တကွ ရဟန်း၊ သံဃာတော်များအား ဆန်၊ ဆီ၊ ဆား၊ အလှူငွေနှင့် ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ဦးဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးက ပစ္စည်း(၄)ပါး၊ အလှူငွေများနှင့် အခြားသောပစ္စည်းများ လှူဒါန်းရခြင်း၏ ကုသိုလ်ဒါန အကျိုးကျေးဇူးများအား မိန့်ကြားဟောကြားပြီး ဆုတောင်းမေတ္တာများပို့သသည်။ ထို့နောက် ဆရာတော်ကြီးအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စား စာရေးကြီးကလည်ကောင်း၊ နယ်မြေစခန်းမှူးမှလည်းကောင်း၊ ဌာနအသီးသီးမှ ဝန်ထမ်းများကလည်းကောင်း ဆန်၊ ဆီ၊ ဆား၊ အလှူငွေနှင့် ပစ္စည်းများအားဆက်ကပ်လှူဒါန်းကြပြီး ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခွင် စုပေါင်းသန့်ရှင်းရေးဖြင့် လုပ်အားဒါနများပြုလုပ်ပေးခဲ့ကြောင်း သိရဿည်။
ကရသူရိ(ပြန်/ဆက်)