ခန္တီးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား/သူများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းဆောင်ရွက်

ခန္တီး စက်တင်ဘာ ၁၃

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်တွင် ကောက်ကွက်ပေါင်း(၁၁၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးတို့ဖြင့် ကောက်ယူသွားမည်ဖြစ်ကာ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၃)ရက်နေ့မှစ၍ သင်တန်းပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူရာတွင် နည်းစနစ်မှန်ကန်ပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရန်အတွက် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းကို နည်းပြဆရာ/မ(၃)ဦးက ဦးဆောင်၍ သင်တန်းသား/သူများအား အဖွဲ့(၃)ဖွဲ့ခွဲကာ ခန္တီးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မ၊ ပေါမိုင်း၊ ဇီးဖြူကုန်းရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းကို ခန္တီးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူးဦးညွှန့်ဦးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)