မြောင်းမြ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (၃၇) ကြိမ်မြောက် ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများက "နှုတ်ဆက်ခဲ့ပြီသိပ္ပံမြေ" တေးသီချင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က နှုတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပထမနှစ်နှင့် ဒုတိယနှစ်မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ခုတို့က နှုတ်ဆက်စကားပြောကြားခဲ့ပြီး၊ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းအတွက် အလှူငွေ (၂၇,၇၀၀၀၀) ကျပ်အား လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)