ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှကွင်းဆင်းကြည့်ရှု

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ စစ်တောင်းမြစ်ရေမြင့်တက်လာမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြင်းစု၊ ထန်းတပင်၊ တပြေးလမ်း မိုင်တိုင်အမှတ် (၇/၀)နှင့် (၇/၂)ကြား အလျားပေ(၉၀၀)ဝန်းကျင်ခန့် ရေအနက်(၆ လက်မမှ ၁ ပေခွဲဝန်းကျင်ခန့်) လမ်းပေါ်ရေကျော်လျက်ရှိပြီး ဆိပ်ကြီးစာသင်ကျောင်းရှေ့ ရေကျော်မှုကြောင့် ဆိပ်ကြီးရပ်ကွက်၊ မေဃဝတီဘုန်းကြီးကျောင်း အုတ်တံတိုင်း(၅ x ၅)ပေခန်း (၂၅)ခန်းခန့် ပြိုကျပျက်စီးသွားကြောင်းနှင့် ပြည်သူများ၏ သွားလာနေထိုင်မှုအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)