သရက်မြို့၌ လူငယ်အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်

သရက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၃)ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင်  ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်အောင်မိုးက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကျော်ဇောက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အားလုံးကူညီဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။ ယင်းနောက် လူကုန်ကူးမှုတိုက်ဖျက်ရေးလက်ကမ်း စာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)