အုတ်တွင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်သည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ စက်တင်ဘာလ ၁၁ ရက်နေ့က အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ စျေးဆိုင်ခန်းများ၊ အလှကုန်ပစ္စည်းများ ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကုန်စျေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက်ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ကျွဲပွဲဈေးအတွင်းနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှု ရှိ/မရှိနှင့် ရက်လွန်/ မလွန်ကိုလည်းကောင်း၊ ကျွဲပွဲမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း စစ်ဆေးခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ကျန်းမာရေးမှူး ဒေါက်တာခန့်မင်းမင်းထွေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေး တာဝန်ခံ ဦးသူလွင်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)