မိုးညိုမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေ

မိုးညို   စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များကို မိုးညိုမြို့အတွင်း လူအသွားအလာများသည့်နေရာများတွင် ယနေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ခေတ္တဥက္ကဋ္ဌ ဦးဖြိုး‌ဝေလင်းနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်လေးစောင့်ရှောက်ရေးအသင်းဝင်များက လူအသွားအလာများသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာဈေးနှင့် ကားဂိတ်များတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့်‌စ‌တေကာများကပ်ထား‌ပေးခြင်း‌များ ဆောင်ရွက်ခဲ့သည်။

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရခြင်းသည် လူဦးရေစာရင်းများ မှန်ကန်မှအနာဂတ်လူနေမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပြီး နိုင်ငံတော်၏စီမံကိန်းများအောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ကောက်ယူမည့်အချက်အလက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ဖြန့်ဝေခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)