ခန္တီးမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး စက်တင်ဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေး လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စကားပြောစွမ်းရည်များ ကြွယ်ဝလာစေရန်အတွက် စာပေချစ်မြတ်နိုးသူ(Youth Clup)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ(၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲအား စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် လူငယ်နှင့်အပြောင်းအလဲစာအုပ်ဖြင့် ဆွေးနွေးကြရာ မောင်ထွန်းရန်အောင်က လူငယ်နှင့် ပရဟိတစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုပြည့်သဇင်က လူအမျိုးမျိုး စိတ်အဖုံဖုံ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ(Youth Clup)အဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ လိုအပ်သည်များကို ဒေါ်တင်မာဦး ရုပ်သံကျွမ်းကျင်- ၃ က ဖြည့်စွက်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)