ဇီးကုန်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဇီးကုန်း) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိ ဦးရဲထွဋ်ဦးမှ အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သင်းမြတ်ရွှေစင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ငွေစုငွေချေးသမဝါယမအသင်း ရေရှည်တည်တံ့ရေးဆိုင်ရာ စည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသူများ သိရှိလိုသည့်ဆွေးနွေးမေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်းရှင်းလင်းခဲ့ကြာင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)