ကျုံပျော် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လူထုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျုံပျော်မြို့နယ်ရုံးမှ ဝန်ထမ်းများက သန်းခေါင်စာရင်း၏ အဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းကောက်ယူမည့် အချိန်ကာလ၊ နည်းလမ်း၊ သန်းခေါင်စာရင်းတွင် အသုံးပြုမည့် မေးခွန်းပုံစံ၊ သန်းခေါင်စာရင်းကောက်ယူမည့်သူများနှင့် မကောက်ရမည့်သူများ၊ မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ဖြေကြားသည့် အချက်အလက်များ လုံခြုံစိတ်ချရမှုနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းထားမှုအပါအဝင် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအား ရပ်ကွက်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီများက အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)