သာယာဝတီ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စာကြည့်တိုက်ပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ စာကြည့်တိုက်ကို သေချာစွာသိရှိနားလည်စေရန်၊ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် စာကြည့်တိုက်ရှိ စာအုပ်များအား မျိုးတူစုခွဲခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာကြည့်တိုက်ပညာရပ်များ၊ စာစုစာပြုလုပ်ငန်းများအား ဆွေးနွေးပို့ချပေးပြီး စာကြည့်တိုက်တာဝန်ခံများက စာကြည့်တိုက်ရှင်သန်ခိုင်မာရေးများကို ပြန်လည်ဆွေးနွေးကြခဲ့သည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်းသို့ သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးစာကြည့်တိုက်တာဝန်ခံများ၊ ရုပ်သံကျွမ်းကျင်-၃ ဝန်ထမ်းများ၊ စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စာအုပ်စာစောင်များ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေး၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာကြည့်တိုက်မှူး၏အရည်အချင်းများနှင့် စာကြည့်တိုက်ဝန်ထမ်းများတွင်ထားရှိရမည့်ခံယူချက်၊ ယုံကြည်ချက်နှင့်ဆောင်ရွက်ချက်များ၊ DLMS စာရင်းရေးသွင်းနည်း၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာအုပ်စာစောင်များပျောက်ဆုံးပျက်စီးမှုအတွက် အစားထိုးခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းစသည့် ဘာသာရပ်များသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)