သာယာဝတီမြို့၌ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်

သာယာဝတီ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို သင်တောရိုးကျေးရွာအုပ်စု၊ သာသနာ့ဗိမာန်ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်နှင့်တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းထွက်ကုန်ချောပစ္စည်းများပေးအပ်ခဲ့​သည်။

သင်တန်းကို ပထမအကြိမ် ရက်(၃၀)ဖွင့်လှစ်‌ခဲ့ပြီး ဒုတိယအကြိမ်မွမ်းမံသင်တန်းကို (၁၅)ဖွင့်လှစ်ခဲ့၍ စုစုပေါင်း(၄၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်းသင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ရာ ထူးချွန်သင်တန်းသူ(၅)ဦးကိုရွေးချယ်၍ ငွေကျပ်(၁,၄၀၀,၀၀၀)သိန်းတန်ဖိုးရှိသည့် အပ်ချုပ်စက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)