ဆိပ်ဖြူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူကားလမ်းမိုင် (၆၁/၅-၆၁/၇) ရှိ ဆူးလေကုန်းတံတား (၁၂၀၀) ပေ ယာယီလမ်းလွှဲသည် ယနေ့နံနက်ပိုင်းက မိုးများသည်းထန်စွာ ရွာသွန်း၍ ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသောကြောင့် p5-p7 ကြားနှင့် p10-A2 ကြားပေ (၁၅၀) ခန့် ယာယီလမ်းလွှဲလမ်းသားပြတ်ပါသွားခြင်းကြောင့် ယာဉ်အသွားအလာ ပြတ်တောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီလမ်းလွှဲပြတ်တောက်သွားခြင်းကြောင့် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူကားလမ်းပေါ်ရှိ ခရီးသွားလာဆောင်ရွက်လျက်ရှိသည့် ခရီးသွားယဉ်များနှင့် ဒေသခံပြည်သူများ လမ်းအခက်အခဲ ဖြစ်ပေါ်နေမှုအား တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၃)၊ ပခုက္ကူနှင့် တံတားအထူးအဖွဲ့ (၅) တို့မှ ခရီးသွားယာဉ်များနှင့် ဒေသခံပြည်သူများသွား လာရေးအဆင်ပြေစေရန် ယာယီလမ်းလွှဲပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားအထူးအဖွဲ့ (၅) တာဝန်ရှိသူထံမှ သိရသည်။
ညွန့်နန္ဒာတင်