ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မာလာမြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊ ကောက်ယူမည့်နည်းလမ်းများစသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်း‌ဟောပြော‌ဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)