ညောင်တုန်းမြို့နယ်တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့

ညောင်တုန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြမ္မာပြာသာ‌ကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကြမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ရန်ပုံငွေများကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထောက်ပံ့ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့် နေအိမ် (၁၈) လုံး အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၆၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၁၈၀၀၀၀၀)၊ ဆန်ရိက္ခာ ရန်ပုံငွေကျပ် (၁၃၄၄၀၀)၊ စုစုပေါင်းငွေကျပ် (၁၉၃၄၄၀၀) နှင့် ဆပ်ပြာ (၁၈) တုံးတို့ကို မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့‌‌သည်။ 

မြို့နယ် (ပြန်ဆက်)