တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းသမိုင်းဝင် ရွှေဂူလေးစေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ သက္ကရာဇ်(၈၃၃)ခုနှစ်တွင် ဓမ္မစေတီမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ရွှေဂူလေးစေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ 

စက်တင်ဘာလ()ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးထိမှန်ခဲ့သည့် ရွှေဂူလေးစေတီတော်ကြီး၏ ကိုယ်လုံးတော်နှင့်စေတီတော်ကြီး၏ လှိုင်ဂူတော်အတွင်း ထိခိုက်မှုများအား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်များနှင့်ပြန်လည်စစ်ဆေးပြင်ဆင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)