သဲကုန်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်ကို ကျောင်းသား/ကျောင်းသူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုနှင့်လူမှောင်ခို အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးခံရပါက ခံစားရမည့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီး အလယ်တန်းအဆင့် မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပရာ မြန်မာစာသတ်ပုံစာလုံးများအား အမှား၊ အမှန်ယှဉ်တွဲ၍ အမှန်ရွေးချယ်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်ပေးအပ်ခဲ့ကြပြီး ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်များနှင့် သုတ/ ရသ၊ စာအုပ်/ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများမှ ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက စာကြည့်တိုက်လုပ်ငန်းများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)