ရွှေသောင်ယံ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ "ဣစ္ဆာသယ" ကျောင်းတိုက်၏ ဦးစီးပဓာန နာယက ရပ်ကျေးသံဃနာယက ဉက္ကဋ္ဌဖြစ်တော်မူသော ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏ သက်တော်(၇၀) ဝါတော် (၅၀) ပြည့် ဝိဇာတမွေးနေ့ပူဇာ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ဘဒ္ဒန္တကောသလ္လမဟာထေရ်မြတ်မှ အခမ်းအနားသို့ တက်ရောက်လာကြသော ဒါယိကာ၊ ဒါယိကာမများအား ဩဝါဒ အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သပေါ့ကန်ကျေးရွာ။ "ဓမ္မသုခကာရီ" ကျောင်းတိုက်ဆရာတော်မှ မွေးနေ့မင်္ဂလာနှင့် ပတ်သက်သည့် တရားတော်အား ဟောကြားဆုံးမရာ ဆရာသမား၏ ဂုဏ်ကျေးဇူးကို နားလည်တန်ဖိုးထားတတ်စေရန် ဟောကြားဆုံးမခဲ့သည်။
အဆိုပါ မွေးနေ့ပူဇာအခမ်းအနားသို့ ပင့်ဆောင်သံဃာတော်(၇) ပါး၊ သဲကုန်းကျေးရွာရှိ ဒါယိကာ၊ ဒါယိကာမများ၊ ရပ်ဝေးရပ်နီးရှိ ကျေးရွာများမှ ဧည့်သည်တော်များ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)