ကော့သောင်း စက်တင်ဘာ ၁၀
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ သီးခြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ သီးခြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ သွေးလှူဒါန်းခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်၍ သွေးလှူဒါန်းနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင် (၁၆)ဦး၊ မိသားစုဝင်(၁)ဦးတို့အား သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောမာတင်လူသာ ၊ စစ်ဗျူဟာအဖွဲ့ အခြေချ (ကော့သောင်း)မှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြတ်မင်းထွေးတို့က ကြက်ဥ၊ အချိုရည်၊ ပဲနို့၊ မုန့်၊ ဓာတ်ဆားထုပ်များ တစ်ဦးချင်း ထောက်ပံ့ပေးအပ်၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)