မင်းလှ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ဦးက သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ထံသို့ ပေးပို့မည့်အကြောင်းစာနှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ကွက်ပေါင်း(၃၉၄)ရှိပြီး စာရင်းစစ် စာရင်းကောက်ယူဦးရေ(၁၅၁)ဦးတို့ဖြင့် အောက်တိုဘာလ(၁)ရက်မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)