ရေတာရှည်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်

ရေတာရှည် စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 ဆွေးနွေးပွဲတွင် ရေတာရှည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး Dr ဦးနန္ဒာညီဆွေမှ Mpox မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများ၊ မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါအကြောင်းသိကောင်းစရာများနှင့် ဆောင်ရန်ရှောင်ရန်များကိုဆွေးနွေးဟောပြောရာ တက်ရောက်သူများမှ သိလိုသည်များကိုမေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)