ပေါင်းတည်၌ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီပွားမြှင့်တင်ရေး မိုးစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပေါင်းတည် စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် တောင်သူများပူးပေါင်းကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် မိုးစပါးအထွက်နှုန်း တစ်ဧကလျှင် တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မတ်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ပေါင်းတည်မြို့နယ်သည် ရေခံ မြေခံကောင်းသည့် စိုက်ပျိုးမြေများရှိကြောင်း၊ ယခုနှစ်တွင် သဘာဝဘေးဒဏ်မခံစားရသည့်အပြင် နယ်မြေအေးချမ်းမှုလည်းရှိခြင်းကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားရေးတို့အတွက် ပိုမိုကြိုးပမ်းအားထုတ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လမ်းညွှန်မှာကြားထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

ယခုနှစ်တွင် ပေါင်းတည်မြို့နယ်အနေဖြင့် မိုးစပါးထုတ်လုပ်ရန် မိုးစပါးဧကခုနစ်သောင်း သုံးထောင်ကျော်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုစပါးစိုက်ခင်းများသည် ယနေ့တွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ရက် ၉၀ သက်လျင်စပါးများကို ယခုလဒုတိယပတ်၌ တောင်သူများ စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

ရွေသား (ပြန်/ဆက်)