ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကဝ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့‌နံနက် ၉ နာရီအချိန်က ကဝမြို့နယ်မီးသတ်ဦးစီးဌာန၊ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒု-မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် မီးဘေးနှင့်သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီးအဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို သင်တန်းသား (၅၀) ဖြင့် စက်တင်ဘာလ (၉) ရက်‌နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ (၂၆) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)