ညောင်တုန်း စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြား၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝင်းက သင်တန်းတွင် သင်ကြားပို့ချသည့် အကြောင်းအရာများကို စနစ်တကျသင်ယူကြရန် ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဦးတင်မောင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးမျိုးလွင်တို့က ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ သင်တန်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ခွဲမှူး မင်းသူအောင် ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၁၄)ကို (၃)ရက်ကြာ စာတွေ့၊ လက်တွေ့သရုပ်ပြသင်ကြား ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)