တမူးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တမူး စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုးနှင့် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းတို့က သန်းခေါင်စာရင်း ကောက်ယူသည့် ရည်ရွယ်ချက်နှင့် သမိုင်းအကြောင်းအရာများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ရေးဆွဲရာတွင် အခြေခံကျသည်ဖြစ်၍ ကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဥ် အဆင့်ဆင့်အလိုက် ကော်မတီအဖွဲ့ဝင်များက ကြီးကြပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ကို အမှာစကားပြောကြားခဲ့ကြသည်။

ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အောင်ကျော်သူ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူကျော်တို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကောက်ယူမည့်နည်းလမ်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်း ဖွင့်လှစ်မည့် အစီအမံတို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ကောက်ယူသွားမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်တွင် (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား အောက်တိုဘာ(၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြို့ပေါ်  (၄) ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်(၃ု၄)ဦး၊ ကောက်ကွက်(၆၆)ကွက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ(ပြန်/ဆက်)