ဇလွန် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးဖုန်းနိုင်က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တအိမ်တက်ဆင်းကောက်ယူသွားမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက စာရင်းစစ်စာရင်းကောက် ဆရာ၊ ဆရာမများအား ခန့်အပ်လွှာများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးဖုန်းနိုင်က ဆရာ၊ ဆရာမများအား သန်းခေါင်စာရင်း ကောက်ယူမည့် အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)