စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ရှားတောကျေးရွာအုပ်စု၊ ရွှေတောင်ကျောင်းမဟာဝိဇယာရာမ(ပါဠိတက္ကသိုလ်)စာသင်တိုက်တွင် ကျောင်းရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

စလင်း  စက်တင်ဘာ  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မြောက်ရှားတောကျေးရွာအုပ်စု မဟာဝိဇယာရာမိ(ပါဠိတက္ကသိုလ်)စာသင်တိုက်၊ တတိယနာယက မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝေပုလ္လမထေရ်မြတ်အား မဟာဝိဇယာရာမိက ရွှေတောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်အဖြစ် ကျောင်းတင်/ကျောင်းအပ်မင်္ဂလာနှင့် ကျောင်းတိုက်အတွင်း  အများကောင်းမှုဖြင့်ပေါင်းစု၍  ဆောက်လုပ်ပြီးစီးခဲ့သော  ကျောင်းတော်ကြီးအား ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်  ဌာနဆိုင်ရာများ  ကျောင်းအကျိုးတော်ဆောင်များ၊ သာသနာရေးဦးစီးဌာန၊ စုပေါင်းအလှူရှင်များ  တက်ရောက်ခဲ့ပြီး အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ စလင်းမြို့ မဟာသုခိတာရာမိန်ပန်းကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်  ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခြင်း၊ ဆင်ဖြူကျွန်းမြို့၊ မဟာဝိဇယာရာမ(ပါဠိတက္ကသိုလ်)စာသင်တိုက်ပဓာနနာယက သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသမထေရ်မြတ်မှ ကျောင်းတင်/ကျောင်းအပ်ခြင်းနှင့်ပတ်သက်၍ သြဝါဒမိန့်ကြားခဲ့ပြီး ဆင်ဖြူကျွန်းမြို့ မဟာဝိဇယာရာမိက ရွှေတောင်ကျောင်းတိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝေပုလ္လမထေရ်မြတ်မှ ကျောင်းတော်ကြီးပြင်ဆင်ဆောက်လုပ်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားခဲ့သည်။

ဆင်ဖြူကျွန်းမြို့ ကျောင်းဖြစ်မြောက်ရေးကော်မတီအကျိုးတော်ဆောင် ဦးဆန်းပြည့်မောင်မှ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ စကားပြောခွင့်ရရှိသည့်အပေါ် အထူးဝမ်းမြောက်ကြောင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြောင်း ပြောကြားခြင်း၊ စလင်းမြို့  မဟာသုခိတာရာမစိန်ပန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍  ရေစက်သွန်းချအမျှပေးဝေခဲ့ကာ  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း