မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးရေးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပေါင်းစပ်ဆောင်ရွက် ကျင်းပမည့် စာကြည့်တိုက်များဖွင့်ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ရောင်စုံဓာတ်ပုံများပြခန်း၊ စာအုပ်စာစောင်များပြခန်းများ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်အရောင်းဆိုင်များနှင့် စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် (၃၀.၉.၂၀၂၄)ရက်နေ့မှ (၁.၁၀.၂၀၂၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဆရာ/ဆရာမများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရဲကိုမောင်