ဓနုဖြူမြို့နယ်၌ ဈေးကွက်အတွင်း ဆေးဝါးဖြစ်ပေါ်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင်(၆)ဆိုင်တွင် ရောင်းချနေသော ဆေးများအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့၊ စစ်ဆေးရေးဌာနစုံအဖွဲ့မှ  ဓနုဖြူမြို့မဈေးအတွင်းရှိ  ဆေးဆိုင် မိဘမေတ္တာ၊ လမင်းသစ်၊ ဦးတင်အေး(၂)၊ ရွှေတြိဂံ၊ ဦးတင်အေး(၁)၊ သိန်းကမ္ဘာ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊ စံမမှီဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်း ဆေးဝါးပြတ်လပ်မှု ကြီးကြီးမားမားမရှိပဲ ကုမ္ပဏီကို ဆေးများမှာယူသည့်အခါရက်အနည်းငယ်ထိ စောင့်ရခြင်းသာရှိပြီး ဈေးနှုန်းအနေဖြင့် သယ်ယူစရိတ် ကြီးမြင့်မှုကြောင့် အရင်ကထက်အနည်းငယ်မြင့်တက်လာကြောင်း၊ စစ်ဆေးသိရှိရပြီးမြို့နယ်အတွင်းရောင်းချသည့် ဆိုင်များ၊ ဈေးကွက်တွင် ကုန်ပစ္စည်း ပြတ်လပ်သွားမည်ကို မစိုးရိမ်ကြရန်နှင့် ပုံမှန်လည်ပတ်ရောင်းချရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)