ကန့်ဘလူ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကျင်းပ

 

ကန့်ဘလူ စက်တင်ဘာ ၁၀

၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အာရ်စီနှစ်ထပ်ကျောင်းဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် “အကျွန့်ဆရာ”ခေါင်းစဥ်ဖြင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ ၄၄ ဦး၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၀ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် မွန်းလွဲပိုင်း ၁ နာရီတွင် ကဗျာပြိုင်ပွဲ၌ “ဘဝလမ်းညွှန်ဆရာမွန်”ခေါင်းစဥ်ဖြင့် အထက်တန်းဆင့်ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၁၁ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)