အုတ်တွင်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှု ကော်မတီ၏ဦးဆောင်မှုဖြင့်သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါက်တောကျေးရွာအုပ်စု၊ တောင်သူ ဒေါ်ခင်ငြိမ်း၊ ဦးနိုင်ဦး၊ ဒေါ်တင်ဥတို့၏ ကွင်းအမှတ် (၃၃၉) လယ်ယာမြေဧက ၈ ဒဿမ ၂၀ ဧကကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦး မျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း၊ သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းအားဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ခြင်း၊ သီးနှံအထွက်နှုန်းကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)