ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧက (၅၈၁၆၃) ဧကစိုက်ပျိုးပြီးစီး

ရွှေတောင် စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားဧက (၅၈၁၆၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများအသုံးပြု၍ မိုးစပါးများစိုက်ပျိုးရာတွင် ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီ (၂) ၊ ရဲဘော်လတ်၊ ရက် (၉၀)၊ GW-11 ၊ ဗီယက်နမ်စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ယနေ့အထိ မိုးစပါး (၅၈၁၆၃) လျာထားဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)