ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ငပုတော စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းကာ အနုမောဓနာတရားနာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တမန်ချောင်းကျေးရွာ တောင်သူနမ့်လှထွေး၏ ဥယျာဥ်(မြေရိုင်း)အတွင်း ကော်ဖီပင်(၅.၀၀)ဧကကို မြို့နယ်ဌာနဆိုင်ရာမှ ဝာာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ စုပေါင်းစိုက်ပျိုး‌ခဲ့ပြီး ကမ်းနီကျေးရွာ/ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကမ်းနီ၊ တမန်ချောင်း၊ ကွင်းချောင်း၊ ဟင်းအိုးချောင်းအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စများ၊ ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စများ၊ ကော်ဖီပင်စိုက်ပျိုးရေးနှင့် ဆောင်းသီးနှံ နေကြာစိုက်ပျိုးရေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)