ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်ဆန်ရောင်းချ

ဘိုကလေး စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ပြည်သူများ ဈေးနှုန်း ချိူသာစွာဖြင့် ဆန်ရိက္ခာများဝယ်ယူစားသုံးနိုင်စေရေးကို ရည်ရွယ်၍ ဘိုကလေးမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ဈေးနှုန်းချိုသာစွာဖြင့် ဆန်များအား နေ့စဉ်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရောင်းချပေးရာတွင် ပေါ်ဆန်းဆန်(၁)ပြည်လျှင် (၅၀၀၀)ကျပ်နှုန်း၊ ခွံနီဆန် (၁)ပြည်လျှင် (၄၅၀၀)ကျပ်နှုန်း၊ ဇီယျာဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး မြို့နယ်တွင်းရှိ ပြည်သူများကလည်း နေ့စဉ်ဝယ်ယူအားပေးကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)