ပခုက္ကူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းရှိ မုန့်ဈေးတန်းများအား ယနေ့နံနက် ၈နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးမြတ်မင်းဇော်ထွန်းဦးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများပူးပေါင်းပြီး ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ မုန့်ဈေးတန်းများ၌ရောင်းချထားသည့် မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ၊ မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချမှုရှိ၊မရှိ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများဖြစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ဈေးသည်များအား စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)