ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အတွင်း စားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ဦးဆောင်၍ မြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသည့် စားသောက်ကုန်များတွင် ကုန်းညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ၊ မရှိနှင့် ကုန်အညွန်းအမှတ်အသား မပြည့်စုံသော၊ မှတ်ပုံတင်ထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ပြီး စျေးကွက်အတွင်း စားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု ရှိ၊ မရှိနှင့် ရောင်းချလျက်ရှိသည့် စျေးနှုန်းများကို စစ်ဆေးကာ ဒေသတွင်း စျေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)