အောင်လံ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အောင်လံမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က သန်းခေါင်စာရင်းကောက်ယူသည့်ရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းအကြောင်း သိကောင်း စရာများ၊ သန်းခေါင်စာရင်းဥပဒေ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အကြောင်းအရာများ ပိုမိုသိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)