ခန္တီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲပြုလုပ်

ခန္တီး စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)ကျောင်းတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/သူ(၂၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၁)ဦး၊ အထက်တန်းအဆင့်ကျောင်းသား/သူ(၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၀)ဦးတို့က ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍ မိမိတို့စိတ်ကြိုက်ပန်းချီကားများအား ရေးဆွဲခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)