ခန္တီး စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စာအုပ်/စာစောင်လေ့လာဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာအုပ်/စာစောင်ပြပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ စာကြည့်တိုက်သို့လာရောက်ကြသည့် စာငှား/စာဖတ်ပရိတ်သတ်များက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။
ထို့နောက် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး "အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ"မှ ထုတ်ဝေထားပြီး ကလေးအလုပ်သမား၏ အသက်အရွယ်၊ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် စသည့်အကြောင်းအရာများပါဝင်သည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်များကို စာငှား/စာဖတ်ပရိတ်သတ်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)