ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲနှင့် "ပန်းခင်း" စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ဝါးခယ်မမြို့နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိဦးရွှေသားမှ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့ပြီး "ပန်းခင်း"စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်‌ပေးလျက်ရှိရာ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)